Tuesday, September 15, 2015

ဟိုပုံးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက်(PYN) တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်


ပအိုဝ်းလူငယ်ကွန်ယက်(PYN)ဗဟို ဥက္ကဌခွန်အောင်ကျော်နှင့် တွဲဘက်အတွင်းရေးမှူး ခွန်ကောင်းချစ်ထွန်းတို့ ဦးဆောင်ပြီး ယနေ့ (၁၅-၉-၂၀၁၅)ရက်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးတွင် ၂၀၁၅- ရွေးကောက်ပွဲဆိုင်ရာနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
ယင်းတွေ့ဆုံပွဲတွင် ပအိုဝ်းလူငယ်ကွန်ယက်(PYN) နာယက ဦးခွန်ထွန်းရွှေနှင့် ဟိုပုံးမြို့နယ် PNO ဥက္ကဌ ဦးခွန်မောင်ဖြူတို့ တက်ရောက်အမှာစကား ပြောကြားသွားခဲ့ပြီး ၂၀၁၅- ရွေးကောက်ပွဲနှင့်ပတ်သက်၍ မိမိတို့လူငယ်များအနေနှင့် မည်သို့မည်ပုံ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် မည်သည့်အရာများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းကို ဆွေးနွေးသွားခဲ့ကြောင်း သိရှိရပါသည်။

ခွန်စနေအောင်

Powered by Blogger.