Monday, January 4, 2016

တောင်ကြီးမြို့၊ အဝေရာမီးပုးံပျံကွင်းတွင်(၆၈) နှစ်မြှောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

တောင်ကြီး၊၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်



၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်၊ တနင်္လာနေ့၊ နံနက် (၇း၃၀) အချိန် (၆၈) နှစ်မြှောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြည်ထောင်စုသမ္မတထံ ပေးပို့သော သ၀ဏ်လွှာကိုဖတ်ကြားခဲ့ပြီး၊ တပ်ဖွဲ့ဝင်များနှင့် ရဲများမှ ချီတက်ကြကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်များအားအလေးပြုခြင်း၊ သစ္စာအဓိဌာန် (၄) ချက်ကို ရွက်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အခမ်အနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ သားဖွားသူနာပြုဆရာများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့များ တက်ရာက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
 
နန်းမိုးမိုးခိုင်
Powered by Blogger.