Tuesday, January 5, 2016

(၁၆) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အကြီးတန်း၊ အငယ်တန်းဗိုလ်လုပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ကျင်းပမည်ဖြစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်



၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်မှစ၍ ကျင်းပလာခဲ့သော ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ အကြီးတန်း၊ အငယ်တန်းဘောလုံးပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ ဗိုလ်လုပွဲစဉ်သို့တက်ရောက်သွားသော အငယ်တန်းပွဲစဉ်အဖြစ် ပင်တွန်အသင်းနှင့် ကျောက်တန်းလူငယ်အသင်းတို့မှာ ဇန်န၀ါရီလ (၆) ရက်နေ့ နံနက် (၉း၀၀) အချိန်တွင်သော်လည်ကောင်း၊ အကြီးတန်းဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ကျောက်တလုံးကြီးမြို့နယ်နှင့် တောင်ကြီးမြို့နယ် တို့မှာ ဇန်န၀ါရီလ (၆) ရက်နေ့ ညနေခင်း (၂း၀၀) အချိန်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လာရောက်အားပေးနိုင်ရန် အသိပေးအပ်ပါသည်။
 
ခွန်အောင်မျိုးဦး
Powered by Blogger.