Wednesday, January 6, 2016

တောင်ကြီးမြို့နယ် ပင်ငိုကျေးရွာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့တို့မှ အခမဲ့ လာရောက်ဆေးကုသပေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်




၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၇-ရက် ကြာသပတေးနေ့ တောင်ကြီးမြို့နယ် နမ်းဆီးကျေးရွာအုပ်စု ပင်ငိုကျေးရွာ ပင်ငိုဘုန်းတော်ကြီး ကျောင်း နံနက်(၉း၀၀)နာရီအချိန် တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအဖွဲ့တို့မှ အခမဲ့ လာရောက်ဆေးကုသပေး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လာရောက်ဆေးကုသပေး လျက်ရှိရာမှာ မိဘပြည်သူများအား မိမိတို့မှာ ရောဂါရှိ မရှိ စစ်ဆေးပြီးမှ ကုသပေးသွားမှာဖြစ်ကြောင်း ထိုသို့ကုသပေးရာ မှာလည်း မိမိတို့ငွေးကြေးမကုန်ပဲ အခမဲ့ လာရောက်ကုသပေးနေတယ်လို့ ဆရာမဒေါ်နန်းဆိုင်စင် က ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ပြီး တီဘီဌာနမှ ဆရာမဒေါ်မအိအိသန့်က တီဘီရောဂါအကြောင်းကိုလည်း ရှင်းပြခဲ့ပြီး ထိုသို့ ရှင်းပြခဲ့ရာမှာ တီဘီရောဂါဟာ များသောအားဖြင့် အဆုတ်တွင်ဖြစ်ပွားပြီး အခြားကိုယ်ခန္ဓာ အစိတ်အပိုင်း တွေမှာလည်း ဖြစ်ပွားနိုင်ပါကြောင်း၊ တီဘီရောဂါဖြစ်နေတဲ့ သူတစ်ဦးက ချောင်းဆိုးနေလျှင်သော်လည်း ကောင်း၊ သို့မဟုတ် နှာချေလျှင် တီဘီပိုးများလေထဲသို့ ပြန့်နှံ့သွားပြီး အခြားသူတွေကို ကူးစက်သွားနိုင်ပါတယ်။ တီဘီရောဂါရှိပြီး မကုသမိရင် မိမိကိုတိုင်သာမက မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ပတ်ဝန်းကျင်က အခြားလူ တွေကိုလည်း ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် တီဘီရောဂါ ရှိ၊ မရှိ စစ်ကြည့်ဖို့ အရေးကြီးကြောင်း ၎င်းတီဘီ ရောဂါရှိနေလျှင်  နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မှီသွားရောက် ကုသရန်လိုအပ်သည်ဟု ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
 
ခွန်ဗန်ထို


Powered by Blogger.