Thursday, January 7, 2016

၂၀၁၅-၂၀၁၆၊ ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်




ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်    ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကြီးကို ကျောက်တလုံးကြီးမြို့နယ်ခွဲ နောင်ကားကျေးရွာတွင် ဒီဇင်ဘာလ ၁၆-၂၀၁၅ ရက်နေ့မှစ၍ ဇန်န၀ါရီလ(၆-၂၀၁၆)ရက်နေ့အထိ အောင်မြင် စွာကျင်းပ ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။




အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အငယ်တန်းဘောလုံးပြိုင်ပွဲနှင့် အကြီးတန်းဘောလုံးပြိုင်ပွဲ နှစ်မျိုးခွဲပြီး ကျင်းပခဲ့ ရာမှာ အငယ်တန်းအုပ်စုပြိုင်ပွဲတွင် ပင်တွန်းအုပ်စုက ကျောက်တန်းအုပ်စုဘောလုံးအသင်းကို ၁-၀ ဖြင့်သော် လည်းကောင်း၊ အကြီးတန်းမြို့နယ်ဘောလုံးပြိုင်ပွဲတွင် တောင်ကြီးအသင်းက ကျောက်တလုံးကြီး အသင်းကို ၂-၀ ဖြင့်သော်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
၎င်း ဘောလုံးပြိုင်ပွဲတစ်လျောက်လုံး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးမင်းများအား ဆောင်ရွက်ပေးခဲ့ပြီး အငယ်တန်းဘောလုံးပြိုင်ပွဲ ပထမဆုရအသင်းအား ဆုငွေကျပ်(၆ သိန်း)၊ ကိုသားငယ် ဒဂုံဘီယာမှ ကျပ် ၃သိန်း၊ မောရ၀တီ FC မှကျပ် ၂သိန်း၊ ချီးမြှင့်ပေးပြီး၊ အငယ်တန်း ဒုတိယဆုကို ကျပ်ငွေ ၄သိန်း၊ ဒဂုံဘီယာမှ ကျပ် ၂သိန်း၊ မောရ၀တီFC မှ ၁သိန်းခွဲချီးမြှင့်ပေးခဲ့သည်။
အကြီးတန်းဘောလုံးပြိုင်ပွဲတွင် ပထမဆု ကျပ် ၁၀သိန်း၊ ဒဂုံဘီယာမှ ကျပ် ၃သိန်း၊ မောရ၀တီFC မှ ကျပ် ၂သိန်း ချီးမြှင့်ပြီး၊ အကြီးတန်ဒုတိယဆုကို ကျပ် ၆ သိန်း၊ ဒဂုံဘီယာမှ ကျပ် ၂သိန်း၊ မောရ၀တီ FC မှ ကျပ် ၁သိန်းခွဲ တိတိကို ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဋ္ဌများ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ အသီးသီးမှ ဆုများကိုချီးမြှင့် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ
Powered by Blogger.