ပင်လုံ၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်
ပင်လုံမြို့၊ ဝေဠုဝန်ကျောင်းတိုက် နှစ်ထပ်ကျောင်းဆောင်သစ်ကြီးရေစက်ချ အလှူတော်မင်္ဂလာနှင့် စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ ပအိုဝ်းအမျိုးသားနေ့ ရိုးရာ တပေါင်းပွဲတော်အခမ်းအနားကို ၂၁-၃-၂၀၁၆ ရက်နေ့မှ ၂၂-၃-၂၀၁၆ ရက်နေ့အထိ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အခမ်းအနားကို ပင်လုံမြို့၊ “ဝေဠုဝန် (၀ါ;ခြာ) ကျောင်းတိုက်”တွင်ကျင်းပခဲ့ရာ၊ ဆောက်လုပ်လှူဒါန်းပြီးဖြစ်သော နှစ်ထပ်ကျောင်းဆောင်သစ်ကြီး ရေစက်ချ အလှူတော်မင်္ဂလာနှင့် ဝေဠုဝန်ကျောင်းတိုက် ဦစီးပဓာန နာယက ဆရာတော် “ဘဒ္ဒ န္တပညာဝံသ (မဟာသဒ္ဓမ္မဇောတိကဓဇ)အား ကံထပ်ခြင်း(ပုနောပသမ္ပဒမင်္ဂလာ)၊ ရဟန်းခံခြင်း(ဥပသမ္ပဒမင်္ဂလာ)၊ ရှင်သာမဏေပြုခြင်း(ပဗ္ဗဇ္ဇမင်္ဂလာ) တို့နှင့်၊ ပအိုဝ်းအမျိုးသားနေ့ ရိုးရာတပေါင်းပွဲတော် ဆင်ယင်ကျင်းပခဲ့ပြီး၊ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းခဲဖွယ်၊ လှူဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး၊ အနုမောဒနာတရားတော်နှင့် ပရိတ်ဒေသနာတော်မြတ်ကို သံဃာတော်အရှင်မြတ်များက ဟောကြားတော်မူရာ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များမှ နာယူပူဇော်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခွန်စံထွန်း
Like On Facebook
Follow On Twitter
Subscribe On RSS