Tuesday, March 15, 2016

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၅) ရက်







ဒုတိယသမ္မတလောင်း(၃)ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့မှ ရွေးကောက်တင်မြှောက်သည့် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးကောက်တင်မြှောက်သည့် ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးကောက်တင်မြှောက်သည့် ဦးမြင့်ဆွေ တို့(၃)ဦးထဲမှ နိုင်ငံတော်သမ္မတ(၁)ဦးနှင့် ဒုတိယ သမ္မတ(၁)နှင့်(၂) ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ယနေ့ ၂၀၁၆-ခုနှစ်၊ မတ်လ(၁၅)ရက် အင်္ဂါနေ့၊ နံနက် (၁၀း၀၀) နာရီတိတိအချိန်တွင် အစည်းအဝေးစတင်ကျင်းပပြီး အစီအစဉ်(၅)အရ အစုအဖွဲ့အလိုက် ရွေးကောက်တင်မြှောက်ပြီးသည့် ဒုတိယသမ္မတလောင်း(၃)ဦးအား နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ(၁) နှင့် ဒုတိယသမ္မတ(၂)တို့အား ရွေးချယ်တင်မြှောက်နိုင်ရန် အစည်းအဝေးတက်ရောက်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးရေ(၆၅၂)ဦးတို့မှ လျှို့ဝှက်ဆန္ဒမဲပေးခြင်းနည်းဖြင့် ဆန္ဒမဲ အနည်းအများ အလိုက်ရရှိသည့် ဒုတိယသမ္မတလောင်းများကို ပြည်ထောင်စုလွှတ်တော်နာယကကြီး ဦးမန်းဝင်းခိုင်သန်းမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ယနေ့ ၂၀၁၆ ခုနှစ်၊ မတ်လ(၁၅)ရက် မွန်းလွှဲ(၁၂း၄၅)မိနစ်အချိန်တွင် အောက်ပါဖော်ပြ ထားသည့်အတိုင်း ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း မဲဆန္ဒရှင်များ သိရှိနိုင်ပါရန် တင်ပြလိုက်ရပါသည်။


Powered by Blogger.