Monday, May 30, 2016

နောင်ခမ်း ကိုးန၀င်းဆုတောင်ပြည့်စေတီတော်ထီးတော်တင်လှူပူဇော်ခြင်း၊ ဌာပနာပိတ်ခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၃၀) ရက်









 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု၊ နောင်ခမ်းရွာရှိ နောင်ခမ်း ကိုးန၀င်းဆုတောင်ပြည့်စေတီတော်၏ စိန်ဖူးတော်နှင့် ငှက်မြက်နားတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မေလ (၂၉) ရက်၊ တနင်္ဂနွေနေ့ (ဒုတိယနေ့) နံနက် (၁၀-၃၀)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
နောင်ခမ်း ကိုးန၀င်းဆုတောင်ပြည့်စေတီတော်မြတ်ကြီးသည် ဥာဏ်တော် အမြင့် (၈၁)ပေ၊ အရံစေတီတော် (၈)ဆူတည်ထာလျှက်ရှိပါသည်။ အလှူဒါယိကာဖြစ်သော ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် ဒါယိကာမဖြစ်သော ဒေါ်နန်းတင်တင်ဝင်း မိသားစုတို့မှ  ပြုလုပ်ကျင်းပသော အဆိုပါ အခမ်းအနားကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ၊  တပ်မတော်ကွန်ပျူတာနှင့် နည်ပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ လွှတ်တော်ကိုယ်စာလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ရပ်မိရပ်ဖများ တတ်ရောက်ဖူးမြော်ခဲ့ပါသည်။
အခမ်းအနားကို ရှေးဦးစွာ နမောတဿ (၃) ကြိမ်းရွက်ဆို၍ စတင်ဖွင့်လှစ်ပြီနောက် ဆရာတော် သံဃာတော်များထံမှ ကိုးပါသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်များထံသို့ စိန်ဖူးတော်နှင့် ငှက်မြက်နားတော်ကို ဆက်ကပ်လှူဒါန်းခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြက်နားတော်ကို နောင်းခမ်း ကိုးန၀င်းဆုတောင်ပြည့်စေတီတော်သို့ တင်လှူခြင်းနှင့် အမွေးနံသာပတ်ဖျန်းခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ဆရာတော် သံဃာတော်မျာထံသို့ လှူဖွယ်ပစ္စည်များဆက်ကပ်လှူဒါန်းခြင်းနှင့် အနုမောဒနာတရာတော်နာကြားခြင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီမှ ရေစက်သွန်ချ အမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်းရွက်ဆို၍ ရွေမိုးငွေမိုးများရွာသွန်းပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ခွန်စံထွန်း

Powered by Blogger.