Sunday, July 10, 2016

တောင်ကြီးနည်းပညာတက္ကသိုလ်တွင် ပအိုဝ်းမောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားနှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်








တောင်ကြီး (၂၀၁၅-၂၀၁၆) ပညာသင်နှစ် နည်းပညာတက္ကသိုလ်၌ ဇူလိုင်လ(၁၀) ရက် တနင်္ဂနွေနေ့ နနံက် ၉း၀၀နာရီအချိန်တွင် ပအိုဝ်းမောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားနှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အထူးဖိတ်ကြားထားသော နည်းပညာတက္ကသိုလ်(တောင်ကြီး)မှ ပါမောက္ခချုပ် ဒေါက်တာစန်းစန်းရီ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌဦးခွန်ဝင်းကိုနှင့်အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ နိုင်ငံတကာဆက်ဆံရေးဌာန ဆရာခွန်ကြည်၊ ဌာနဆိုင်ရာ တာဝွန်ရှိပုဂ္ဂိုလ်များနှင့် နယ်စုံမှ ဖိတ်ကြားထားသော ကျောင်းသား/ကျောင်းသူများက တက်ရောက်အားပေးခဲ့ကြသည်။
ထိုသို့ မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ရှေးဦးစွာ အလံတော်အလေးပြုခြင်းနှင့် ပအိုဝ်းကျောင်းသား/သူများ ပအိုဝ်;သွီ;သီချင်းဖြင့်သီဆိုဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ရာ ဆက်လက်၍ နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ ပါမောက္ခချုပ်ဒေါက်တာစန်းစန်းရီ က မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း၊ ထိုနောက် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးခွန်ဝင်းကို နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ နိုင်ငံတကာ ဆက်ဆံရေးဌာန ဌာနမှူးဆရာခွန်ကြည်တို့က အားပေးအမှာစကားပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ အင်္ဂလိပ်(ဂျပန်းစကား)ပြိုင်ပွဲနှင့်အခြားသော စာပေဟောပြောပွဲများကို ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဆုပေးအပ်ချီးမြှင့်ခဲ့ကာ ယင်းနောက် ကျောင်းသား/သူများမှ ပအိုဝ်းအမျိုးသားများ၏ ခေတ်အဆက်ဆက်ရိုးရာအသုံးအဆောင်ပစ္စည်းများအား ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် အထူးဖိတ်ကြားထားသော တောင်ကြီးတက္ကသိုလ်မှ ပအိုဝ်းကျောင်းသား ကျောင်းသူများနှင့် ရှမ်းတိုင်းရင်းသား၊ ဓနုတိုင်းရင်းသား၊ အင်းတိုင်းရင်းသား၊ တောင်ရိုးတိုင်းရင်းသား နယ်စုံကျောင်းသား ကျောင်းသူများက ယဉ်ကျေးမှုအကတို့ဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို

Powered by Blogger.