တောင်ကြီး၊၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်
ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စု၊ နောင်ကားမြောက်ဘုန်းကြီးကျောင်းတွင် ပအိုဝ်းစာ ပေနှင့်ယဉ်ကျေးမှု(ဗဟို) မှဦးစီးပြီး ပအိုဝ်းစာပေပြန့်ပွားရေးအတွက်ရည်ရွယ်ပြီး (၃၃)ကြိမ်မြောက် ကျေးရွာ အုပ်စုအဆင့် ပအိုဝ်းစာပေဆရာဖြစ်သင်တန်းကို တော်သလင်းလဆုပ်(၃) ရက်နေ့မှ တော်သလင်း လဆုပ် (၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါသင်တန်းကို ကော်မတီအဖွဲ့ဝင် (၂၅) ဦး၊ အမြဲတမ်းကော်မတီအဖွဲ့ဝင်(၁၅) ဦး၊ စာစစ်ရဟန်းသံယာတော်များအပါး (၂၀) နှင့် သင်တန်းသူ/ သားများ (၉၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဝေးခွန်
Like On Facebook
Follow On Twitter
Subscribe On RSS