Sunday, September 4, 2016

ပအိုဝ်းလူငယ်များတွေ့ဆုံပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်









၂၀၁၆ ခုနှစ် စက်တင်ဘာလ (၃-၄) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နတ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ ပအိုဝ်းလူငယ်များတွေ့ဆုံပွဲကျင်းပခဲ့ကြောင်း၊ ထိုပအိုဝ်း လူငယ်များတွေ့ဆုံပွဲတွင် ပအိုဝ်းလူငယ်(၃၀၀) ကျော်တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပအိုဝ်းလူငယ်ညီလာခံပေါ်ပေါက်လာရေးနှင့် ပတ်သက်သောကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် တွေ့ဆုံပွဲဒုတိယနေ့တွင် (၂၁) ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့သော  ဆရာမဒေါ်နန်းဝင်းကြည်နှင့် ဦးခွန်မြင့်စိုး တို့မှ (၂၁)ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြောင်းကို ပြန်လည်မျှဝေခဲ့ကြောင်း၊ ပအိုဝ်းလူငယ် ညီလာခံပေါ်ပေါက်လာစေရန် တွေ့ဆုံပွဲများကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပထမအကြိမ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဒုတိယအကြိမ်၊ ကရင်ပြည်နယ် ဘားအံမြို့တွင် တတိယအကြိမ်၊ ယခု ပဲခူးတိုင်းဒေသကြီး စတုတ္ထအကြိမ်နှင့် လာမည့်အောက်တိုဘာလတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် ပဉ္စမအကြိမ် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ခမ်းနောဝ်

Powered by Blogger.