Sunday, September 4, 2016

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ တတိယအကြိမ်မြောက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဂုဏ်ပြုအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်




၂၀၁၆၊ စက်တင်ဘာ (၄)ရက်၊ မနက်(၁၀း၃၀)အချိန်တွင် တောင်ကြီးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပါတီမှ တတိယအကြိမ်မြောက် (၂၀၁၅-၂၀၁၆)ပညာသင်နှစ်တွင် တောင်ကြီးမြို့နယ်ရှိ ပါတီဝင်မိသားစုများ၏ သားသမီးများဖြစ်သည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် (SNLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ(၂) ရှမ်းပြည်နယ်တောင်ပိုင်း - ကယားပြည်နယ်နှင့်တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ စိုင်းခမ်းပိုင်ဖ(ခ)ဦးခင်မောင်ညွန့်မှ ဂုဏ်ပြုအခမ်းအနား ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တောင်ကြီးမြို့နယ်ရှိ (SNLD)ပါတီဝင်မိသားစုများ၏ သားသမီးများဖြစ်သည့် (၂၀၁၅-၂၀၁၆) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူ(၂၃)ဦး တို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အစီစဉ်ကို ပြုလုပ်ခဲ့ပါသည်။ (၂၃)ဦးထဲတွင် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁) ဦးပါဝင်သည်။
ထို့နောက် (၅)ဘာသာဂုဏ်ထူးရှင် နန်းနှင်းပုလဲဦးမှ ကျောင်းသား/သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဆုရကျောင်းသား/သူများအား စေတနာရှင်များမှ သီးခြားဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တောင်ကြီးမြို့နယ် (SNLD) ပါတီသို့ စေတနာရှင်များမှ ရံပုံငွေချီးမြှင့်ခြင်းကို ဥက္ကဋ္ဌဖြစ်သည့် စိုင်းခမ်းပိုင်ဖ(ခ) ဦးခင်မောင်ညွန့်မှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခြင်း၊ တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကိုယ်စား ဥက္ကဋ္ဌဖြစ်သည့် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်မှ ဂုဏ်ယူကျေးဇူးတင်စကားပြောကြားခြင်းများကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဧည့်ပရိတ်သတ်(၃၀၀)ကျော် တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ
Powered by Blogger.