တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူနှင့် ဌာနဆိုင်ရာများက ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်၊ တနလာင်္နေ့၊ နံနက်(၁၀း၀၀) အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်ရှိ နောင်ယွန်း-ကန္နရား ကျောက်စိခုံ သစ်သားယက္မတံတားကို သွားရောက် ကြည့်ရှုခဲ့ပါသည်။
အဆိုပါ တံတားကို နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးတိုင်းရင်းသားရေရာဌာန(နတလ)နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့ကြောင်း သိရှိရပါသည်။
နောင်ယွန်း-ကန္နာရား ကျောက်စိခုံ သစ်သားယက္မတံတားသည် အကျယ် (၂၀)ပေ၊ အရှည် (၁၈)ပေဖြင့် တည်ဆောက်ထားကြောင်း သိရှိရပါသည်။
မျင်မိုရ် နန်းဗွာအစ်
Like On Facebook
Follow On Twitter
Subscribe On RSS