Sunday, February 5, 2017

တောင်ကြီး၊ ကျောက်တလုံးကြီး၊ ညောင်ရွှေ လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါ၇ီလ (၅) ရက်




ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း) ၌ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်၊ သောကြာနေ့တွင် ကျင်းပပြုလုပ်ကြောင်းသိရှိရပါသည်။
အဆိုပါလူထုတွေ့ဆုံဆွေးနွေးသို့ ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ နာယက ဖြားခွန်မောင်တုတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ NCA ပေါ်ပေါက်လာပုံနှင့် NCA ကိုအခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊ ခွန်ဆောင်းရွှေတို့မှ အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး  နိုင်ငံရေးကဏ္ဍ၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများအလိုက် ခံစားသင့်ခံစားထိုက်သော လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးကိစ္စရပ်များကို ဖြားခွန်ရာမ၊ ခွန်သောမတ်၊ စောခွန်ကျော်ဝင်း၊ နန်းခမ်းဗွာ၊ နန်းမို့မို့၊ (Moderator) ခွန်ခေတ်စံ တို့မှဆွေးနွေးခဲ့ကြောင်း၊ ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စုကိစ္စရပ်များနှင့် တိုင်းရင်းသားအခွင့်အရေးများကို အုပ်စုလိုက်ဆွေးနွေးခဲ့ကြောင်း၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့်ဒေသခံ လူထုကိုယ်စားလှယ်များကိုလည်း ရွေးချယ်ပေးခဲ့ကြောင်း၊ ဒေသခံလူထုကိုယ်စားလှယ် ဖြားခွန်ဝင်းကိုက ကျေးဇူးတင်/နိဂုံးချုပ် စကားပြောကြားပေးခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့ ဒေသခံလူထုကိုယ်စားလှယ် (၆၀၀)ကျော် တက်ရောက်ကြောင်းသိရပါသည်။
 “ဒီမိုကရေစီလမ်းကြောင်းများကို နားထောင်မယ်။ လိုအပ်တဲ့အချက်အလက်များကို တင်ပြမယ်။ ပီးရင် ဘယ်လိုအခွင့်အရေးရမည်ကို သိရန်လိုအပ်တယ်” ဟု ဒေသခံ ခွန်မောင်ယော က ပြောကြားကြောင်း သိရှိရပါသည်။

နန်းဆားတဲုင်

Powered by Blogger.