Thursday, March 16, 2017

IRI အဖွဲ့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးအဖွဲ့နှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၆) ရက်



၂၀၁၇၊ မတ် (၁၆) ရက်နေ့၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် IRIအဖွဲ့မှ Resident Country Director ဖြစ်သည့် Jake Jones က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့အား လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ငြိမ်းချမ်းရေးရယူသည့်သမိုင်းကြောင်းများ၊ ၁၉၉၁-မှ ၂၀၁၀ တွင်း လုပ်ဆောင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြီးဆုံးခဲ့သည့် ၂၀၁၀ - ရွေးကောက်ပွဲနှင့် ၂၀၁၅ - ရွေးကောက်ပွဲ အခြေနေများကို ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ ရှင်းလင်းခဲ့ပါသည်။ IRI အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးအဖွဲ့သားများအား လိုအပ်သည့်သင်တန်းများကိုလည်း ပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ခွန်ဓဇ
Powered by Blogger.