Friday, June 2, 2017

တောင်ကြီးမြို့၊ ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂) ရက်









၂၀၁၇ ခုနှစ်၊ ဇွန်လ (၂) ရက်မှ (၄) ရက်နေ့အထိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်းသိရပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနား ပထမပိုင်းအစီအစဉ်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် လူရည်ချွန် ကျောင်းသား/သူ (၆) ဦးတို့က ဖဲးကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒုတိယပိုင်းအစီအစဉ်များကို နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျောင်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပေးခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် တိုင်းရင်းသားကလေးငယ်များက ကလေးစာပေပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရသစ်ပင်အဖြစ် မဟောဂနီပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ပြီး တတိယပိုင်းအစီအစဉ်များကို အထက (၅) ကျောင်းသား/သူများက ကလေးစာပေပွဲတော် Theme Song သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ပြီး အခမ်းအနားဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော် အဖွင့်အမှာစကားပြောကြားရာမှာ ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေးများ၊ တီထွင်ဖန်တီးမှုများကို မြှင့်မားလာစေရန်၊ နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန် စသည့်ကလေးစာပေနှင့်ပတ်သက်သည့် အကြောင်းအရာများ ပြောကြားခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဠ်က ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း၊ ကျောင်းသား/သူများမှ ပအိုဝ်းတိုင်းရင်းသားရိုးရာအက၊ ဓနုတိုင်းရင်းသားရိုးရာအက ၊ ရှမ်းတိုင်းရင်းသားရိုးရာအကတို့ဖြင့် ဖျော်ဖြေပေးခဲ့ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု့ပြီး ဖွင့်ပွဲအခမ်းအနားအောင်မြင်စွာကျင်းပကြောင်း သတင်းရရှိပါသည်။

နန်းအိနြေ္ဒခမ်
Powered by Blogger.