တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၅) ရက်
တောင်ကြီးမြို့၊ ဈေးပိုင်းရပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် Win Yu, Director of Strotegy and Development, Parami Institute of Liberal Arts and Sciences မှ Parami Leadership Program မိတ်ဆက်ပွဲ ကိုယနေ့ ဇွန်လ (၁၅)ရက်နေ့၊ မနက်ပိုင်း (၉း၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ မိတ်ဆက်ပွဲသည် လူမျိုပေါင်းစုံအလွှာ အသီးသီးမှ ပေါ်ထွက်လာစေရန် နိုင်ငံရေး၊ စီးပွားရေး ၊ယဉ်ကျေးမှု ၊၀ိဇ္ဇာသိပ္ပံပညာရပ်များကို သင်ကြားပေးရန် ၂၁ရာစုတွင် ခေါင်းဆောင်ဖြစ်မည့်သူများ ကမ္ဘာ့အရေး မြန်မာ့အရေး သိရှိနားလည်လာစေရန် ရည်ရွယ်ပြီးလာရောက် မိတ်ဆက်ပေးရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ထိုပါရမီသင်တန်းကျောင်းကို မည်သူမဆို တက်ရောက်ပညာသင်ယူနိုင်ရန်အတွက် ပညာအရေအချင်းကန့်သတ်မှုမရှိဘဲ အခြေခံအင်္ဂလိပ်စာရေးတတ်ပြောတတ်ရမည်၊ကြိုးစားလိုစိတ်ရှိရမည်၊ သင်တန်းကာလမှာ တစ်နှစ်တွင် (၂)ကြိမ် (၁)ကြိမ်တွင် (၄)လခွဲ ဖြစ်ပြီး နေထိုင်စရာများပေးမည်၊ အင်တာဗျူးအောင် ကျောင်းသူ/သားများကို ကျောင်းစရိတ်တလတွင် အမေရိကန်ဒေါ်လာ $130 ထောက်ပံ့ပေးသွားမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက call 09-252409345 or email parami.institute@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။
မိတ်ဆက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချူပ်ရုံးရှိ ဌာနပေါင်းစုံမှ ၀န်ထမ်းများ ပီတိကွန်ယက်မှ စေတနာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
နန်းတဆံထီ
Like On Facebook
Follow On Twitter
Subscribe On RSS