တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်
၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် အထူးဒေသ ၆ ညောင်ရွှေမြို့နယ် ပုန်းမူကျေးရွာအုပ်စု လူးလားသပြေကုန်းရွာ ဘုန်းတော်ကြီးကျောင်းအတွင်း အထူးဒေသ ၆ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ခမ်း၊ နယ်၊ အွိုင် တတိယနေ့ လူထုတွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ ရှေးဦးစွာ ရတ္တနာ ၃ ပါးကို ကန်တော့ပြီး ခွန်ဖြားဗွာခမ်း၊ ကန်တော်ကြီးဒေသ ဥက္ကဌ ဖြားခွန်ယွန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။
ဆက်လက်ပြီး ပအိုဝ်းအမျိုးသားတပ်မတော် ဌာနေပြည်သူ့စစ် PNA ဗိုလ်မှူးခွန်ဉာဏက ပအိုဝ်းအမျိုးသားများ တော်လှန်ရေးသမိုင်းကြောင်းများ၊ နိုင်ငံတော် လုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး အကြောင်းအရာများကိုလည်းကောင်း၊ ကန်တော်ကြီးဒေသ၊ အတွင်းရေးမှူး ဗိုလ်မှူးခွန်ကျော်သူက အထူးဒေသ ၆ အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကြောင်းအရာများကိုလည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ဗဟိုကော်မတီ ခွန်ဆောင်းရွှေက ယနေ့မြန်မာနိုင်ငံရေး နှင့် PNO ပါတီ ရှေးလုပ်ငန်းစဉ်များ၊ လွှတ်တော်ရေးရာ အကြောင်းအရာများကိုလည်းကောင်း၊ ဥပဒေရေးရာဌာန ခွန်ထွိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ နိုင်ငံရေးလှုပ်ခြားမှုအကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်း ဟောပြောပေးခဲ့ပါသည်။
ကန်တော်ကြီးဒေသ အလုပ်အမှုဆောင် ခွန်ဒီးက ရပ်မိရပ်ဖကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ အထူးဒေသ၆ ခွန်ဖြားဗွာခမ်း ကန်တော်ကြီးဒေသ လူထုတွေ့ဆုံဟောပြောပွဲတွင် ညောင်ရွေမြို့နယ် ပုန်းမူကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ၂၄ ရွာတွင်နေထိုင်ကြသော ဒေသခံမိဘပြည်သူများ ၅၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS