Wednesday, September 27, 2017

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြောက်မြေခြား ဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမျှော်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်








၂၀၁၇-ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မြောက်မြေခြား ဖောင်တော်ဦးဘုရားကို သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရှိရသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များသည် နံနက်(၈း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့မှ စတင်ထွက်ခွာပြီး ကလောမြို့နယ်၊ မြောက်မြေခြား ဖောင်တော်ဦးဘုရားသို့ နံနက်(၁၀း၀၀)နာရီခန့်တွင် ရောက်ရှိခဲ့ရာ ဖောင်တော်ဦးရုပ်ပွားတော်မြတ်ကို ဖူးမျှော်ကြည်ညို၊ ဆွမ်းတော်၊ ရေချမ်း၊ ခဲဘွယ်များဆက်ကပ်ခဲ့ကြပြီးနောက် ဖောင်တော်ဦးရုပ်ပွားတော်မြတ်ကို ရွှေချကာ၊ တစ်ဆက်တည်း ဖောင်တော်ဦးမြောက်မြေခြားရွာတွင် ဆောက်လုပ်ဆဲဖြစ်သော ကျောင်းတော်ကြီးအတွက် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် မိသားစုဝင်များက အလှူငွေကျပ်(၁၀)သိန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ အလှူငွေကျပ်(၅)သိန်း၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ အလှူငွေကျပ်(၅)သိန်း အသီးသီးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များသည် နေ့လည်ပိုင်းတွင် မြောက်မြေခြားဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတရားတော်မြတ်ကို ခံယူဆောက်တည်ခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခမ်းထီ
Powered by Blogger.