Monday, January 8, 2018

ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာမှုမပြုမှီ ကြိုတင်ပြင်ဆင်အသိပေးခြင်းဆိုင်ရာသင်တန်းပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်






 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကောင်ပန်တန်းကျေးရွာ (စံကား)တွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာမှုမပြုမှီ ကြိုတင်ပြင်ဆင် အသိပေးခြင်းဆိုင်ရာသင်တန်းကို ၂၀၁၇ - ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့ မှ ၂၀၁၈ - ခုနှစ်၊ ဇန်နာဝါရီ (၁) ရက်နေ့အထိပြုလုပ်ကျင်းပကြောင်းသိရှိရပါသည်။

အဆိုပါ ရွှေ့ပြောင်းသွားလာမှုမပြုမှီ ကြိုတင်ပြင်ဆင်အသိပေးခြင်းဆိုင်ရာသင်တန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြင်သာယာရွာ၊ တိကလိုင်ရွာ၊ ဗန်းကန်ရွာ၊ နောင်ထောဝ်ရွာသစ်၊ နောင်ထောဝ်ဒုံကုန်း၊ နမ့်ပေါ်ခုတ်၊ ကောင်ကေ၊ ထီတယမ်း၊ ထီတခေါ့၊ ဟိုနောင်၊ စံကား၊ ကုန်းလမ်း၊ မြို့ဟောင်း၊ ဟိုတိ၊ လွယ်တော်၊ ဒုံတန်၊ ပင်းတယ၊ ပင်စုံတောင်၊ ပင်စုံမြောက်၊ ကွန်ကောင်းမှူး၊ ဆမ်ဆိုင် ရွာနှင့် ကုန်းကျောင်းရွာအပါအ၀င် ကျေးရွာပေါင်း (၂၂) ရွာကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသင်တန်းကို ၂၀၁၇ - ခုနှစ်၊ ဇန်နာဝါရီလ မှ စ၍ ၂၀၁၉ - ခုနှစ်၊ ဇွန်လပိုင်းအထိ စီမံကိန်းကာလ (၂) နှစ် (၆) လဖြစ်ပြီး ရပ်ကျေးပံ့ပိုးသူအဖြစ် ခွန်အောင်ကို၊ ကွင်းဝန်ထမ်း စိုင်းလှဖြူ နှင့် နန်းရွှေကြည် တို့က တာဝန်ယူသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသင်တန်းကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရွှေ့ပြောင်းသွားလာခြင်းအား ပိုမိုနားလည်သဘောပေါက်လာစေရန်၊ မိမိရွှေ့ပြောင်းသွားလာသင့်မသင့်ကို မိသားစုများနှင့်သေချာစွာဆွေးနွေးတိုင်ပင်ပြီး တိကျသည့် ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်နိုင်စေရန်၊ မိမိရွှေ့ပြောင်းအလုပ်လုပ်ကိုင်မည်ဆိုပါက လိုအပ်သည့် သတင်းအချက်အလက်များနှင့် အရေးကြီးသည့်စာရွက်စာတမ်းများကို စုဆောင်းနိုင်စေရန်၊ ရွှေ့ပြောင်းသွားလာမှုဖြစ်စဉ်တစ်ခုလုံးတွင် မိမိတို့အနေဖြင့် သိရှိထားသင့်သည့်အရာများကို ကြိုတင်သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပါရီမီဖွံ့ဖြိုးရေးကွန်ယက် (PDN) နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့ ပူးပေါင်း၍ ရွှေ့ပြောင်းသွားလာမှုမပြုမှီ ကြိုတင်ပြင်ဆင် အသိပေးခြင်းဆိုင်ရာသင်တန်းကို ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ တောင်ကြီး၊ ရပ်စောက်၊ လွိုင်လင်၊ ဖယ်ခုံ၊ ညောင်ရွှေ မြို့နယ်အပါအ၀င် မြို့နယ် (၈) ခုအတွင်း ပြုလုပ်ကျင်းပလျက်ရှိကြောင်းသိရှိရပြီး တွဲလက်စီမံကိန်းအနေဖြင့် (၁) ရွှေ့ပြောင်းသွားလာမှုမပြုမှီ ကြိုတင်ပြင်ဆင်အသိပေးခြင်းဆိုင်ရာသင်တန်း (၂) ငွေစုနည်းသင်တန်း (၃) အသက်မွေးဝမ်းကြောင်း ကျွမ်းကျင်မှုသင်တန်း နှင် (၄) အလုပ်အကိုင်ရရှိရေးသင်တန်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ


Powered by Blogger.