Thursday, May 16, 2019

မကောက်ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် နောင်စကာရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ မေလ (၁၇)ရက်




ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုနှင့် တဘက်ကျေးရွာအုပ်စုအတွင်းရှိ နမ့်တဘက်ချောင်းမကြီးကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မကောက်ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် နောင်စကာရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိများဖြစ်သည့် ဦးခွန်စိန်မင်း၊ ဦးအောင်ရဲထွန်း၊ တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကော်ခမ်းနှင့် ဒေသခံပြည်သူများနှင့်အတူ (မေ) ၁၆ ရက် နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မကောက်ရေထိန်းတံခါးးနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည်မှာ(၅၀၀၀)ပေ၊ တူးမြောင်းအောက်ခြေအကျယ် (၆)ပေ၊ တူးမြောင်းအမြင့် (၅)ပေ၊ တူးမြောင်းအဆောက်အဦး (၆)ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း(၁၅၆၀)ကျပ်ဖြင့် မကောက်အရှေ့ကျေးရွာနှင့် မကောက်အနောက်ကျေးရွာတို့မှ အိမ်ခြေ(၁၄၃)အတွက် တောင်သူအကျိုးပြု ဧက(၄၀၀) ခန့်နှင့် တဘက်ကျေးရွာအုပ်စု၊ နောင်စကာရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည်မှာ(၃၀၀၀)ပေ၊ တူးမြောင်းအဆောက်အဦး(၂)ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း(၅၀)ကျပ်ဖြင့် ကျေးရွာ(၉)ရွာတို့မှ အိမ်ခြေ(၄၅၀)ခန့်အတွက် တောင်သူအကျိုးပြု ဧက(၁၂၀၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး (ဆီဆိုင် )
Powered by Blogger.