Monday, July 29, 2019

နောင်တရားမြို့၌သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်




ခြင်ကျားမှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများဖြစ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါများ မဖြစ်ပွားအောင် ခြင်ကျားကာကွယ်နှိမ်နင်းရေးအတွက် နောင်တရားမြို့ ပြည်သူ့ဆေးရုံးနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နောင်တရားမြို့ ရတနာရန်နိုင်ဘုရားဓမ္မာရုံ၌ ယနေ့နံနက် (၉း၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကုသရေးထက် ကာကွယ်ရေးလုပ်ငန်းသည် ဒေသခံမိဘပြည်သူများ အတွက် များစွာအရေးကြီးကြောင်း၊ ခြင်ကျားများမှ တဆင့်ကူးစက်တတ်သော ရောဂါများအကြောင်းကို နောင်တရားမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာငြိမ်းငြိမ်းအိက ရှင်းလင်းဟောပြောသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား စနစ်တကျလက်ဆေးခြင်းအား သရုပ်ပြသင်ကြားပေးသည်။ ဆက်လက်၍ နောင်တရားမြို့ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက် ကျန်းမာရေးမှူး ဆရာဦးနေမျိုးက ခြင်ကျားများ မပေါက်ဖွားစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကာကွယ်ရေး လုပ်ငန်းများတွင် ဒေသခံမိဘပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ယခုနှစ်တွင် နောင်တရား၌ သွေးတုပ်ကွေးရောဂါဖြစ်ပွားသူ မစိုးရိမ်ရ လူနာတစ်ဦးကိုသာ တွေ့ရှိရပြီး ပြန်လည်ကျန်းမာနေပြီးဖြစ်ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)
Powered by Blogger.