Monday, July 29, 2019

ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှကိုယ်စားလှယ်များက ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်







၂၀၁၉ခုနှစ်၊ဇူလိုင်လ(၂၉) ရက်၊ နံနက် (၁၀း၀၀) အချိန်တွင်ဂျပန်နီပွန်းဖောင်ဒေးရှင်းအဖွဲ့မှ ကိုယ်စားလှယ်များက ကျောက်တလုံးကြီးမြို့ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီ၏နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံရာတွင် ဂျပန်နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှကိုယ်စားလှယ်များအား ဦးအောင်ခမ်းထီ၏ နိုင်ငံရေးအကြောင်း၊ ငြိမ်းချမ်းရေး၏အကျိုးကျေးဇူးကြောင့် လူမှုဘဝနေထိုင်မှုအခြေအနေများနှင့် ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလုပ်ဆောင်မှုအခြေအနေများကို သုတေသန စာတမ်းပြုစုနိုင်ရန်အတွက် သွားရောက်ဆွေးခဲ့ကြကြောင်းသိရသည်။

တွေ့ဆုံရာတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်၊ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်ဘော် ဂျပန်နီပွန်းဖောင်းဒေးရှင်းစေတနာအဖွဲ့မှကိုယ်စားလှယ်များ နယ်စပ်ဒေသ တိုင်းရင်းလူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေ့ခင်း (၂း၃၀)အချိန်တွင် ဂျပန်နိပွန်ဖောင်ဒေးရှင် စေတနာအဖွဲ့နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အ.လ.က(ခွဲ)နောင်ခုံးကျောင်းသို့ မြို့နယ်ပညာရေးမှုး၊ ကျောင်အုပ်ဆရာမကြီး နှင့် ကျောင်းကော်မတီများကို နိပွန်ဖောင်ဒေးရှင်း စေတနာအဖွဲ့မှ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းဆောင်အခြေအနေများ၊ ကျေးရွာဒေသလိုအပ်ချက်များကိုပါ သွားရောက်ဆွေးနွေးခဲ့ပြီး ၊ကျေးရွာပိုင်ခြံတွင် စိုက်ပျိုးထားသောထောပတ်အခြေအနေများကို သွားရောက် ကြည့်ရှု့ ခဲ့ကြောင်းသိရသည်။

ခွန်ယံသေ

Powered by Blogger.