Thursday, August 22, 2019

ထီတမောင်းကျေးရွာတွင် လူနေအိမ်များ လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသရှိ မိသားစုများအတွက် PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ အလှူငွေများပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်








ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်ခဲကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာတွင် သြဂုတ်လ(၂၁)ရက်နေ့ နံနက်(၂း၂၅)အချိန် လူနေအိမ်များ လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသရှိ မိသားစုဝင်များအတွက် အထူးဒေသ(၆) PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)မှ ကွတ်ကဲရေးမှူး ဖြားခွန်မြင့်အောင်နှင့်အဖွဲ့ဝင်များက ယနေ့ သြဂုတ်လ(၂၂)ရက်နေ့ နံက်(၁၁း၃၀)အချိန်တွင် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုအလှူငွေများကို  PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး ခွန်ဇော်ပျံနှင့် ဗိုလ်ကြီးလွှတ်တော်တို့က အလှူငွေများကို ပေးအပ်လှူဒါန်းခဲရာ နောင်ခဲကျေးရွာအုပ်စု တာဝန်ခံခွန်ညွန်းနှင့်ထီတမောင်းကျေးရွာ ရွာသူကြီး ခွန်ဗွေား လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ သြဂုတ်လ(၂၁)ရက် နံက်(၂း၂၅)အချိန်မှ (၃း၀၀)နာရီအထိ နာရီဝက်ကြာ အရှေ့မြောက်ဘက်ခြမ်းကနေလာပြီး လေပြင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ နောင်ခဲကျေးရွာတွင် လူနေအိမ်(၃)လုံး၊ ထီတမောင်းကျေးရွာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအ၀င် လူနေအိမ်(၁၇)အိမ် ခေါင်မိုးနှင့်သွပ်ပြားများ၊ သနှပ်ဖက်ခြံများတို့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အများအပြားပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

နောင်ခဲကျေးရွာအုပ်စု ထီတမောင်းကျေးရွာတွင် အိမ်ခြေပေါင်း(၈၆)အိမ်၊ လူဦးရေ(၅၀၀)ခန့် နေထိုင်လျက်ရှိကာ တောင်ယာနှင့်သနှပ်ဖက်များကို အဓိကထား လုပ်ကိုင်ခဲ့ကြပြီး ယခုလို လေပြင်းတိုက်ခိုက်မှုဒဏ်ကို ခံနေရခြင်းကြောင့် မိသားစုဝင်များအတွက် အခက်အခဲများစွာထိခိုက်လျက်ရှိကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို
Powered by Blogger.