Sunday, February 2, 2020

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်းနေ မဲဆန္ဒရှင်မိဘပြည်သူများနှင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရ တာဝန်ရှိလူကြီးမင်းများ သိရှိနိုင်စေရန်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက်


ရှမ်းပြည်နယ်၊ အမှတ်(၉)မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၏ ကြယ်ပွင့်မပြ မေးခွန်းအား သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်
၁။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ထင်းရှူးမြိုင်ကျေးရွာ၊ တိုင်းကောင်ကျေးရွာနှင့် လဲချားမြို့နယ် တို့ကို ဆက်သွယ်သည့် လမ်းပိုင်းအရှည် (၂၈)မိုင်အနက် တိုင်းကောင် - တင်ပစ် လမ်းပိုင်းတွင် ပါဝင်သော နမ့်ဆန်မြို့နယ်အတွင်းရှိ (၉)မိုင်(၄)ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါသည်။

၂။ အဆိုပါလမ်းပိုင်း၏ လက်ရှိအခြေအနေမှာ ကတ္တရာလမ်း(၂)မိုင် (၄)ဖာလုံ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ဘဏ္ဍာငွေဖြင့် ကျောက်လမ်း(၆.၆ဖာလုံ)နှင့် ပြည်သူပူးပေါင်းထည့်ဝင်ငွေဖြင့် ကျောက်လမ်း(၁)မိုင် စုစုပေါင်း (၁)မိုင် (၆.၆)ဖာလုံတို့အား ကတ္တရာလမ်းခင်းရန် ဆောင်ရွက်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ တိုင်းကောင် - တင်ပစ် လမ်းပိုင်းတွင် ပါဝင်သည့် ကျန်ရှိနေသော လမ်းပိုင်း(၅)မိုင် (၁.၄)ဖာလုံသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (A)၊ ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

ပအို၀်းအမျိုးသားအဖွဲ့ချုပ်(PNO)
လွှတ်တော်ရေးရာဌာန
တောင်ကြီးမြို့


Powered by Blogger.